SERVER နဲ့ CLIENT ဆိုတာဘာလဲ? SERVE ဆိုတဲ့ စကားအရ RESOURCES တွေကို SHARE ပေးတဲ့ တာဝန်ထမ်းဆောင်နေသော COMPUTER SYSTEM မှန်သမျှကို SERVER လို့ခေါ်နိုင်ပါတယ်။ အာ..SERVER ဆိုတာ ဗီရိုတွေအများကြီးနဲ့ ( CPU, MEMORY, HARD DISK တွေအများကြီးပါတဲ့ )အကြီးစား SUPER COMPUTER ကြီးတွေမှ ခေါ်လို့ရတယ်မဟုတ်လား ကိုမိုးထွန်းရ ? ။ ဟုတ်ပါတယ် . .အဲဒီ့ကွန်ပြူတာကြီးတွေက SERVER ပါပဲ။ ဒါပေမယ့် အခုလက်ရှိ ကျွန်တော်တို့သုံးနေတဲ့ သာမန် WINDOWS OPERATING SYSTEM ( e.g XP PROFESSIONAL, VISTA ULTIMATE, ETC...) နေရာမှာ WINDOWS SERVER EDITION (e.g WINDOWS SERVER 2008 ) ကိုပြောင်းသုံးမယ်၊ အခြား COMPUTER ကလှမ်းတောင်းလာတဲ့ / ၀င်လာတဲ့ REQUEST မှန်သမျှကို ပြန်ပေးနိုင်မယ့် SERVING PROGRAMတွေ ကို RUN ထားမယ်၊ COMPUTER ကို ၂၄နာရီ POWER ပေးထားမယ်ဆိုရင်လဲ ဒါဟာ SERVER တစ်လုံးပါပဲ။ CLIENT ဆိုတာက SERVER က SHARE လုပ်ထားတဲ့ RESOURCE တွေကို လှမ်းသုံးတဲ့ SYSTEM တွေကိုဆိုလိုပါတယ်။ ဥပမာ သင်ဟာ INTERNET ပေါ်မှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာတစ်ခု ( WEB PAGE, PHOTO, PROGRAM, ETC...) ကိုရှာချင်တယ်ဆိုပါစို့။ သင်ဟာ ရှာဖွေးရေး တာဝန်ထမ်းဆောင်ပေးမယ့် ( SEARCH SERVICE ပေးမယ့် ) SERVER တစ်ခုကို အရင်ဖွင့်ရပါမယ်။ GOOGLE SERVER ဟာအခုသင်လိုအပ်တဲ့ ရှာဖွေရေးကိုလုပ်ပေးမယ့် ( SEARCH ENGINE ) တစ်ခုပါ။ ဒီတော့ သင့်ရဲ့ ရှာဖွေမှုအတွက် GOOGLE SERVER ကို ချိတ်ဆက် ( ACCESS ) လုပ်ရပါတယ် ။ SERVER ဆိုတာတကယ်တော့ SOFTWARE ပါပဲ။ သင်ဟာ SERVER OPERATING SYSTEM မသုံးထားတဲ့အတွက် CLIENT ပါပဲ။ CLIENT တွေမှာ SERVER လို SHARING SERVICE တွေအများကြီး မ RUN နိုင်ပေမယ့် FILE SHARING, PRINTER SHARING SERVICE တွေ RUN နိုင်ပါတယ်။ အခန်း(၄) မှာ LAN အကြောင်း အသေးစိတ်လေ့လာကြပါမယ်။
Author: Moe Tun Wai
mail: [email protected] ArchivesCategories |