ကွန်ပြူတာနှစ်လုံးထက်ပိုပြီးချိတ်ဆက်တော့မယ်ဆိုရင် ချိတ်ဆက်ပုံ ( TOPOLOGIES ) တွေကိုတော့ သိထားရပါမယ်။ အခြေခံ ချိတ်ဆက်ပုံ လေးမျိုးရှိပါတယ်။ ပုံထဲမှာမြင်ရတဲ့ STAR, RING, BUS နဲ့ MESH တို့ပါ။ TOPOLOGY တစ်ခုစီကိုရှင်းပြပေးပါမယ်။
BUS</b> သွယ်တန်းပုံမှာ အားနည်းချက်တွေရှိပါတယ်။ အောက်မှာပြထားတဲ့ပုံ ( ၁ ) မှာ CABLE ရဲ့ အစွန်းတစ်ဘက်ကို မျှားပြထားတာကိုတွေ့ရပါမယ်။ ဆိုလိုတာက BUS သွယ်တန်းချိတ်ဆက်ရာမှာ CABLE ရဲ့ အစွန်း နှစ်ဘက်ကို TERMINATING RESISTOR တွေနဲ့ ပိတ်ထားပေးရတာပဲဖြစ်ပါတယ်။ မပိတ်ထားဘူးဆိုပါစို့။ ကွန်ပြူတာတစ်လုံးဟာ DATA TRANSMISSION မလုပ်မှီ CABLE ကို အားမအားစစ်ဆေးပါမယ်။ အဲဒီ့အခါ TRANSMITTED DATA ဟာမပိတ်ထားတဲ့ CABLE အရောက် REFLECTION အနေနဲ့ပြန်ဝင်လာပြီး သင့်ကွန်ပြူတာကို BUSY SIGNAL ရစေမှာဖြစ်ပါတယ်။ NETWORK တစ်ခုလုံး အလုပ်မလုပ်နိုင်တော့တာပါ။ ပုံ ( ၂ ) မှာဆိုလိုတာကတော့ BUS သွယ်တန်းရာမှာ CABLE ဟာအရေးကြီးတာကိုပြတာပါ။ BUS NETWORK အတွင်းမှာရှိတဲ့ ကွန်ပြူတာတစ်လုံး ဖြစ်စေ၊ NETWORK တစ်ခုလုံးရဲ့ နေရာတစ်နေရာမှာဖြစ်စေ CABLE ပြတ်တောက်ခြင်းဟာ NETWORK တစ်ခုလုံးကို DOWN သွားစေနိုင်ပါတယ်။ ပုံ ( ၃ ) မှာဆိုလိုတာက COMPUTER နှစ်လုံးတစ်ပြိုင်နက် CABLE ကို ACCESS လုပ်ရာမှာ TRANSMISSION အချင်းချင်းထိပ်တိုက်ဆုံပြီး COLLISION ဖြစ်သွားတာကိုပြတာပါ။ COLLISION ဖြစ်တဲ့အခါ တစ်ဖက် COMPUTER က DATA TRANSMISSION လုပ်ဖို့စောင့်ရပါလိမ့်မယ်။ အဓိက အားနည်းချက်က <b>CABLE ကို တစ်ချိန်ထဲမှာ COMPUTER အားလုံးတစ်ပြိုင်နက် သုံးမရပဲ အလှည့်ကျသုံးနေရတာပါပဲ</b> ။ ဘယ်ကွန်ပြူတာက CABLE ကိုအရင်သုံးရမယ်ဆိုတာကိုတော့ CSMA/CD ( CARRIER SENSE, MULTIPLE ACCESS / COLLISION DETECTION ) ကဆုံးဖြတ်ပေးပါတယ်။
BUS သွယ်တန်းပုံအကြောင်းကို ကျွန်တော်တို့အကြမ်းမျဉ်း လေ့လာပြီးတဲ့အခါ RING သွယ်တန်းချိတ်ဆက်ပုံကို ကြည့်ကြပါမယ်။ RING NETWORK မှာ ပို့သမျှ၊ လက်ခံသမျှ ( ကြိုးပေါ်က DATA မှန်သမျှ ) ဟာ ပုံ ()မှာပြထားတဲ့ အတိုင်း ဦးတည်ရာ တစ်ဘက်ထဲကိုပဲ သွားပါတယ်။ ဥပမာ ကွန်ပြူတာ (A) က ကွန်ပြူတာ (F) ကို စာတစ်ကြောင်း ပို့လိုက်တယ် ဆိုပါစို့ ။ စာကြောင်း ( DATA ) ဟာ ကွန်ပြူတာ (A) နဲ့ (E) ကြားက လမ်းကြောင်းတိုကို ဖြတ်သွားမှာ မဟုတ်ပဲ ကွန်ပြူတာ B,C,D နဲ့ E တို့ကို ဖြတ်ပြီး ကွန်ပြူတာ (F) ဆီသွားမှာဖြစ်ပါတယ်။ မျှားပြထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ရာ တစ်ဘက်ထဲသွားတာမျိုးပါ။ CLOCKWISE လဲဖြစ်ချင်ဖြစ်မယ် COUNTERCLOCKWISE လဲဖြစ်ချင်ဖြစ်မယ်ပေါ့။ ဒီလို DATA တွေကို လားရာတစ်ခုထဲ စီးဆင်းစေခြင်းက BUS NETWORK တုန်းကလို DATA တစ်ခုနဲ့ တစ်ခု မျက်နှာခြင်းဆိုင်တွေ့ပြီး COLLISION မဖြစ်နိုင်တော့ပါဘူး။ ဒါက အားသာချက်ပါ။ အားနည်းချက်တွေလဲ ရှိပါတယ်။ အားနည်းချက်ကတော့ RING NETWORK တစ်ခုစလုံးရဲ့ SPEED ဟာ RING အတွင်း ချိတ်ဆက်ထားတဲ့ အနှေးဆုံး DEVICE ရဲ့ SPEED ဖြစ်သွားတာပါပဲ။ ဥပမာ ကွန်ပြူတာ A,B,C,D နဲ့ E တို့ရဲ့ CONNECTION SPEED ဟာ 16Mbps ဖြစ်ပြီး ကွန်ပြူတာ F တစ်လုံးထဲသာ 4Mbps speed ရှိတယ်ဆိုပါစို့။ စိတ်မကောင်းစရာ RING NETWORK တစ်ခုလုံးရဲ့ SPEED ဟာ 4Mbps ဖြစ်သွားပါတော့တယ်။ RING အတွင်းရှိ အနှေးဆုံး ကွန်ပြူတာ (NIC) ဟာ RING ရဲ့ SPEED ပါပဲ။ နောက်တစ်ခုကတော့ RING NETWORK ဟာ BUS NETWORK မှာတုန်းကလိုပဲ RING အတွင်းရှိ နေရာတစ်နေရာမှ CABLE ပြတ်တောက်မှု ဟာ RING NETWORK တစ်ခုလုံး DOWN ၊ ရပ်တန့်သွားစေတာပါပဲ။ RING ချိတ်ဆက် ပုံကိုလဲ သင်ကြိုက်ဦးမယ် မထင်ပါဘူး။ နောက်တစ်ခန်းမှာ STAR ချိတ်ဆက်ပုံကိုလေ့လာကြရအောင်ပါ။ RING TOPOLOGY နဲ့ ပါတ်သက်လို့ TOKEN အကြောင်းကိုလဲလေ့လာစေလိုပါတယ်။
သင်အခု ချိတ်ဆက်အသုံးပြုနေတဲ့ NETWORK မှာ CABLE တချို့နဲ့ ချိတ်ဆက် ထားတာကိုတွေ့ရတယ်ဆိုရင် STAR TOPOLOGY ကိုသုံးထားတာပဲ ဖြစ်ပါလိမ့်မယ်။ BUS နဲ့ RING TOPOLOGIES တွေထက်စာရင် STAR ဟာ ရွေးချယ်ဖို့ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ဒီနေ့ CABLE NETWORK မှာ အသုံးများဆုံးက STAR TOPOLOGY ပါပဲ။ STAR ရဲ့ ချိတ်ဆက်ပုံက ပုံမှာပြထားတဲ့အတိုင်း ကွန်ပြူတာအားလုံးကို HUB ဆိုတဲ့ DEVICE လေးတစ်ခုမှာ သွားရောက်ချိတ်ဆက် ပေးဆုံထားတာပါပဲ။ အခုတော့ HUB အစား SWITCH, ROUTER တွေသုံးနေပါပြီ။ STAR မှာ RING နဲ့ BUS လို COIILISION မရှိပါဘူး။ လမ်းကြောင်းအားလုံးကို HUB က စီစဉ်ချိတ်ဆက် ပေးသွားပါတယ်။ အားသာချက် တစ်ခုက STAR NETWORK အတွင်းရှိ CABLE တစ်နေရာ ပြတ်တောက်ခြင်းဟာ ပုံမှာပြထားတဲ့ အတိုင်း ပြတ်တောက် ဆက်စပ်နေတဲ့ ကွန်ပြူတာ တစ်လုံးကိုသာ ရပ်တန့်စေမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကွန်ပြူတာ တွေဆက်လက် အလုပ်လုပ်သွားနိုင်ပြီး NETWORK တစ်ခုလုံး DOWN သွားတာမျိုး မဖြစ်နိုင်တော့ပါ။ HUB ရဲ့ CONNECTION SPEED ဟာ ကွန်ပြူတာ အားလုံးထက် မြန်ဆန်နေမှာ ဖြစ်ပြီး နှေးကွေးတဲ့ NIC သုံးထားတဲ့ ကွန်ပြူတာသာလျှင် သီးခြားနှေးကွေးနေမှာဖြစ်ပါတယ်။ RING မှာလို NETWORK တစ်ခုလုံး သက်ရောက်စေ နိုင်တာမျိုး မရှိတော့ပါ။<br /> ချိတ်ဆက် အသုံးပြုနေဆဲ BUS NETWORK မှာဖြစ်စေ၊ RING NETWORK မှာဖြစ်စေ ကွန်ပြူတာတွေ ထပ်တိုးချိတ်ဆက်ဖို့ဟာ တော်တော်လေး ကသီလင်တ နိုင်ပါတယ်။ ကြိုးအလျှား ကန့်သတ်ချက်လဲရှိပါတယ်၊ တန်ဆာပလာတွေလဲ လိုပါမယ်။ STAR မှာက သိပ်လွယ်တယ်။ သင်က 4 PORT HUB ( အပေါက် ၄ ပေါက်ပါ DEVICE လေးခု သို့မဟုတ် ကွန်ပြူတာ ၄ လုံးချိတ်ဆက်နိုင်သော HUB) ကိုသုံးထားတယ်..ပြီးတော့..ကွန်ပြူတာ နောက် ၂ လုံးထပ်တိုးချင်တယ် ဆိုပါစို့။ 4 PORT HUB နေရာမှာ 8 PORT HUB ကိုအစားထိုးလိုက်လဲရသလို၊ 4 PORT HUB နောက်တစ်လုံး ထပ်ပေါင်းထည့် လို့လဲရပါတယ်။ ထပ်ပေါင်းထည့်တဲ့အခါ HUB တစ်ခုနဲ့ တစ်ခုချိတ်ဖို့ အပေါက်နှစ်ပေါက်ကိုသုံးမှာ ဖြစ်လို့ DEVICE ခြောက်ခု ချိတ်ဆက်ဖို့သာကျန်မှာပါ။ အခုအချိန်မှာတော့ DEVICE ရာဂဏန်းနီးပါး ချိတ်ဆက်နိုင်တဲ့ HUB, SWITCH, ROUTER တွေအသုံးပြုနေကြပါပြီ။ STAR ချိတ်ဆက်ပုံက သင်လိုအပ်တဲ့ အခြေအနေမျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်။ MESH TOPOLOGY တစ်ခုတော့ကျန်သေးတယ်။ နောက်အခန်းမှာ လေ့လာကြပါမယ်။
|