BUS သွယ်တန်းပုံအကြောင်းကို ကျွန်တော်တို့အကြမ်းမျဉ်း လေ့လာပြီးတဲ့အခါ RING သွယ်တန်းချိတ်ဆက်ပုံကို ကြည့်ကြပါမယ်။ RING NETWORK မှာ ပို့သမျှ၊ လက်ခံသမျှ ( ကြိုးပေါ်က DATA မှန်သမျှ ) ဟာ ပုံ ()မှာပြထားတဲ့ အတိုင်း ဦးတည်ရာ တစ်ဘက်ထဲကိုပဲ သွားပါတယ်။ ဥပမာ ကွန်ပြူတာ (A) က ကွန်ပြူတာ (F) ကို စာတစ်ကြောင်း ပို့လိုက်တယ် ဆိုပါစို့ ။ စာကြောင်း ( DATA ) ဟာ ကွန်ပြူတာ (A) နဲ့ (E) ကြားက လမ်းကြောင်းတိုကို ဖြတ်သွားမှာ မဟုတ်ပဲ ကွန်ပြူတာ B,C,D နဲ့ E တို့ကို ဖြတ်ပြီး ကွန်ပြူတာ (F) ဆီသွားမှာဖြစ်ပါတယ်။ မျှားပြထားတဲ့ လမ်းကြောင်းအတိုင်း ဦးတည်ရာ တစ်ဘက်ထဲသွားတာမျိုးပါ။ CLOCKWISE လဲဖြစ်ချင်ဖြစ်မယ် COUNTERCLOCKWISE လဲဖြစ်ချင်ဖြစ်မယ်ပေါ့။ ဒီလို DATA တွေကို လားရာတစ်ခုထဲ စီးဆင်းစေခြင်းက BUS NETWORK တုန်းကလို DATA တစ်ခုနဲ့ တစ်ခု မျက်နှာခြင်းဆိုင်တွေ့ပြီး COLLISION မဖြစ်နိုင်တော့ပါဘူး။ ဒါက အားသာချက်ပါ။ အားနည်းချက်တွေလဲ ရှိပါတယ်။ အားနည်းချက်ကတော့ RING NETWORK တစ်ခုစလုံးရဲ့ SPEED ဟာ RING အတွင်း ချိတ်ဆက်ထားတဲ့ အနှေးဆုံး DEVICE ရဲ့ SPEED ဖြစ်သွားတာပါပဲ။ ဥပမာ ကွန်ပြူတာ A,B,C,D နဲ့ E တို့ရဲ့ CONNECTION SPEED ဟာ 16Mbps ဖြစ်ပြီး ကွန်ပြူတာ F တစ်လုံးထဲသာ 4Mbps speed ရှိတယ်ဆိုပါစို့။ စိတ်မကောင်းစရာ RING NETWORK တစ်ခုလုံးရဲ့ SPEED ဟာ 4Mbps ဖြစ်သွားပါတော့တယ်။ RING အတွင်းရှိ အနှေးဆုံး ကွန်ပြူတာ (NIC) ဟာ RING ရဲ့ SPEED ပါပဲ။ နောက်တစ်ခုကတော့ RING NETWORK ဟာ BUS NETWORK မှာတုန်းကလိုပဲ RING အတွင်းရှိ နေရာတစ်နေရာမှ CABLE ပြတ်တောက်မှု ဟာ RING NETWORK တစ်ခုလုံး DOWN ၊ ရပ်တန့်သွားစေတာပါပဲ။ RING ချိတ်ဆက် ပုံကိုလဲ သင်ကြိုက်ဦးမယ် မထင်ပါဘူး။ နောက်တစ်ခန်းမှာ STAR ချိတ်ဆက်ပုံကိုလေ့လာကြရအောင်ပါ။ RING TOPOLOGY နဲ့ ပါတ်သက်လို့ TOKEN အကြောင်းကိုလဲလေ့လာစေလိုပါတယ်။