ကွန်ယက်သုံး Cable များ စီမံခန့်ခွဲမှု .
SERVER ခန်းတစ်ခုဟာ ရှင်းလင်းသေသပ်ပြီး NETWORK CABLE ကြိုးတွေကို သေသေချာချာစီမံဆက်သွယ်ထားသင့်တဲ့ အကြောင်း အိုင်တီသမားတွေ သတိပြုရပါမယ်။ သင့် SEVER ROOM ဟာ ကြိုးတွေနဲ့ရှုပ်ထွေးကောင်းရှုပ်ထွေးနေပါလိမ့်မယ်။ ရာနဲ့ချီတဲ့ NETWORK ကြိုးတွေကို ပြန်လည်ရှင်းလင်း နေရာချရတာ သိပ်တော့ မလွယ်လှဘူးပေါ့။ ဒါပေမယ့် လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ NETWORK နဲ့ ပါတ်သက်ပြီး ပြဿနာဖြစ်လာခဲ့သော် အလွယ်တကူ ပြစ်ချက်ရှာ၊ ပြင်ဆင်မှု့များကို ပြုလုပ်နိုင်ရုံသာမက သင့်ကိုလုပ်ငန်းအပ်သူတွေ (သို့) သင့်သူဌေးရဲ့ အမြင်မှာ လူတော်တစ်ယောက် ( ယုံကြည့်စိတ်ချရသူ ) အဖြစ်မြင်လာနိုင်စရာအကြောင်းရှိပါတယ်။
လုပ်ငန်းသေးတွေမှာ တွေ့လေ့ရှိတဲ့ SERVER အခန်းတွေဟာ ကြိုးတွေကို စီမံမှု့အားနည်းနေပါတယ်။ တချို့နေရာတွေမှာ သေချာ စီမံ ချိတ်ဆက်ထားခြင်း လုံးဝမရှိတာကိုတွေ့ရပါတယ်။ NETWORK ချိတ်ဆက်မှု့နဲ့ ပါတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာရှိလာခဲ့ရင် ဒီအခန်းမျိုးတွေဟာ သင့်အတွက် အိပ်မက်ဆိုးတစ်ခုအဖြစ် ချက်ခြင်းပြောင်းလဲသွားမှာပါ။ ဇယားချဲ့ပြီးလုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်တွေများနိုင်ပါတယ်။ ဒါကြောင့်ရိုးရှင်းတဲ့ နည်းလမ်းတွေကို သုံးပြီး ကြိုးတွေကိုသေသေချာချာပြန်လည်စီမံကြပါမယ်။သင့် NETWORK ဆက်သွယ်မှု့ ပုံစံကို စာရွက်လွတ်တစ်ရွက်မှာ ချဆွဲပါ။ NETWORK ပေါ်က ကွန်ပျူတာတွေ DEVICES တွေအားလုံးရဲ့ နေရာတွေကို ချဆွဲပြီးရင် အားလုံးအတွက် သီးခြား နံပါတ်တွေတပ်ပေး။
အထက်ကတပ်ခဲ့တဲ့ နံပါတ်တွေကို PATCH PANEL မှာနေရာချပြီး ပြန်ကပ်ပေး။
PATCH PANEL နဲ့ SWITCH အကြားမှာ ဆက်သွယ်ထားတဲ့ ကြိုးတွေအားလုံးကို ဖြုတ်ပစ်ပါ။ ပြီးတော့မှ နံပါတ်တပ်ထားတဲ့ အစီအစဉ်အရ ပြန်လည် ချိတ်ဆက်ပေး။ လိုအပ်ရင် ကြိုးတွေကို COLOR ခွဲပေး။ ( ဥပမာ - SERVER များအတွက် ကြိုးအနီ၊ PRINTER များအတွက် ကြိုးအ၀ါ နဲ့ WORK STATION တွေအတွက် ကြိုး အပြာ..စသည် ဖြင့် ခွဲခြားထားနိုင်ပါတယ်။
ကဲ..အခု..ဒီအရှုပ်ထုပ် သပွတ်အူ ကြီးရှင်းပြီးရင်တော့ ကျွန်တော်တို့ရဲ့အလုပ်စားပွဲကို ဆက်ရှင်းကြတာပေါ့ဗျာ။