NETWORKING ပညာရှင်တစ်ယောက်ဖြစ်လာတဲ့အခါ POWER FAULTY ပြဿနာ တစ်ခုတည်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ သင့် NETWORK ကိုတိုက်ခိုက်ဖို့စောင့်နေတဲ့ မြောက်များစွာသော VIRUS အပါအ၀င် MALICIOUS CODE တွေနဲ့ပါရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ အဲလို CODE တွေ ကျွန်တော်တို့ ကွန်ပြူတာထဲမှာ ရှိနေတယ် လို့ထင်တဲ့အခါ ဘာလုပ်ကြမလဲ ? ကျွန်တော်ရှင်းပြပါမယ်။ " မင်း ကွန်ပြူတာမှာ VIRUS ၀င်နေပြီ " ဆိုတဲ့စကားဟာ NETWORKING တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ကိုတောင် တုန်လှုပ်စေမှာ အမှန်ပါပဲ။ တော်တော်ဆိုးတာက ကိုယ့်ရဲ့ အရေးကြီး အချက်အလက် ( MEGABYTES OF DATA ) တွေအကုန် ပျောက်ဆုံး စေတာပါပဲ။ အဆိုးဆုံးကတော့ ငွေကြေးနဲ့ပါတ်သက်တဲ့အချက်အလက် (Eg : CREDIT NUMBER, BANK ACCOUNT PASSWORD ) တွေ ထိကုန်တာပါပဲ။ မကောင်းဆိုးဝါး PROGRAMMER တွေက သင့်ကို ကံဆိုးမိုးမှောင်ကျစေဖို့ ရည်ရွယ်နေတာ အမှန်ပါပဲ။ ဒီတော့ VIRUS တွေဘယ်ကလာသလဲ....? ကွန်ပြူတာ VIRUS တွေဟာ လူတွေမှာ ဖြစ်တဲ့ VIRUS တွေလိုပဲ ကပ်တွယ်နေထိုင်ဖို့ ခန္ဓာကိုယ်တစ်ခုလိုမှာဖြစ်ပါတယ်၊ ကွန်ပြူတာက VIRUS မှီတွယ်နေထိုင်ရာပါ။ သင့်ကွန်ပြူတာဟာ VIRUS ရှိနေတဲ့ အခြား ကွန်ပြူတာတစ်လုံးနဲ့ ချိတ်ဆက်ထားရင် ဖြစ်စေ၊ ကူးစက်ခံထားရတဲ့ ကွန်ပြူတာတစ်လုံးက DATA တစ်ခုခုကိုယူသုံးမိသည်ဖြစ်စေ၊ သင်ဟာလဲ ကူးစက်ခ့ရဖို့နီးစပ်ပါတယ်။ ပြဿနာက ယနေ့အချိန်မှာ ကွန်ပြူတာအားလုံးနီးပါးဟာ အင်တာနက်နဲ့ ချိတ်ဆက်အသုံးပြုနေကြတာပါပဲ။ ဒီတော့ တစ်ကမ္ဘာလုံးက ကွန်ပြူတာတွေနဲ့ ဆက်သွယ်ထားတာပဲပေါ့။ သတင်းအချက်အလက်နဲ့ PROGRAMS တွေဝေမျှသုံးစွဲနေတဲ့ ကမ္ဘာလုံးဆိုင်ရာကွန်ယက် WWW ( WORLD WIDE WEB ) ကြီးဟာ VIRUS တို့ပျော်စံရာနေရာကြီးဖြစ်လို့ သင့်အနေနဲ့ သင့် NETWORK ကိုဂရုစိုက်ရမှာ အသေအချာပါပဲ။ သင့်လူ့ခန္ဓာကိုယ်မှာ VIRUS ၀င်တဲ့အခါ သင်ဘယ်လိုသိနိုင်မလဲ ? ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းလာမယ်၊ နှာစေးချင်သလိုလိုဖြစ်မယ်၊ ချောင်းဆိုးမယ်၊ အိပ်ငိုက်လာမယ်ပေါ့ ။ အလားတူပဲ သင့် ကွန်ပြူတာမှာ VIRUS ၀င်တဲ့အခါ သိသာတဲ့အချက်ကလေးတွေရှိပါတယ်။ ပုံမှန်မဟုတ်ဘဲ နှေးကွေးလာမယ်၊ ထူးထူးခြားခြား ERROR MESSAGES တွေပေါ်လာမယ်၊ အနုတ်လက္ခဏာဆန်တာလေးတွေတွေ့ရမယ်ပေါ့။ သင့် COMPUTER SYSTEM တစ်ခုလုံးကို LOCK ချပြီး စက်လည်ပတ်စနစ် (OS) အလုပ်မလုပ်နိုင်တော့တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ WINDOWS ပြန်မတက်နိုင်တော့တာမျိုးပေါ့။ ဒါပေမယ့် သင့်ကွန်ပြူတာ ပုံမှန်အတိုင်းအလုပ်လုပ်နေလို့ VIRUS ကင်းစင်နေတယ် ယူဆလို့မရပါဘူး။ တချို့ VIRUS တွေဟာသင်မသိအောင် SYSTEM နောက်ကွယ်က လျှို့ဝှက်စွာ အလုပ်လုပ် ( RUN ) နေတတ်ပါတယ်။ VIRUS တွေကို ရှောင်ရှားဖို့ အဓိကလျှို့ဝှက်ချက်ကတော့ သူတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိထား၊ နားလည်ထားဖို့ပါပဲ။ VIRUS တွေဟာ လုပ်ဆောင်ချက်နှစ်ခုရှိတဲ့ PROGRAM တွေပါပဲ။ (၁) ကိုယ်တိုင် ကူးပွားခြင်း ( MAKE MORE COPIES ITSELF, PROLIFERATE ) နဲ့ ( ၂ ) VIRUS ရေးသူ သတ်မှတ်ထားတဲ့ အချိန်ရောက်တဲ့အခါမှာဖြစ်စေ၊ သတ်မှတ်ထားတဲ့ PROGRAM ကို RUN ရင်ဖြစ်စေ၊ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်တဲ့အခါမျိုးမှာဖြစ်စေ ( ထ RUN ခြင်း )၊ လုပ်ဆောင်ချက်များစတင်ခြင်း ( ACTIVATE ) ထဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် HARD DISK ရဲ့ BOOT SECTOR ကိုဖျက်ဆီးပစ်တာမျိုးပါ။ ထဲထဲဝင်ဝင် မပြောကြဘူးဆိုရင် VIRUS မှာ ငါးမျိုးပဲရှိပါတယ် (1) BOOT SECTOR (2) EXECUTABLE (3) MACRO (4) WORM နဲ့ (5) TROJAN တို့ပါပဲ။ ဒီ VIRUS ငါးမျိုးထဲကမှ နှစ်မျိုးရဲ့ လုပ်ဆောင်ချက်မျိုးလုပ်နိုင်တဲ့ BIMODAL / BIPARTITE လိုVIRUS မျိုးလဲရှိပါသေးတယ်။ POLYMORPHICS / POLYMORPHS လို STEALTH လို VIRUS တွေလဲရှိပါတယ်။ တစ်မျိုးခြင်းစီကို ရှင်းပြသွားပါမယ် . . .။
သတိပြုရန် - PMP (PORTABLE MEDIA PLAYER ) တွေ၊ MEMORY STICK တွေ၊ DOWNLOAD FILE တွေ၊ CD တွေ REMOVEABLE STORAGE တွေနဲ့ ATTACH လုပ်ပြီး ၀င်ရောက်နိုင်တာဖြစ်လို့ FILE EXTENSION EXE, PIF, BAT, SCR, SHS, VBS, HTA, COM, JS, REG, VBE, CMD တို့နဲ့ဆုံးတဲ့ FILE တွေကို သတိပြုရပါမယ်။ ဖြစ်နိုင်ရင် ဒီFILES တွေကို မဖွင့် (RUN) ဖို့ အကြံပြုပါတယ်။
သတိပြုရန် - PMP (PORTABLE MEDIA PLAYER ) တွေ၊ MEMORY STICK တွေ၊ DOWNLOAD FILE တွေ၊ CD တွေ REMOVEABLE STORAGE တွေနဲ့ ATTACH လုပ်ပြီး ၀င်ရောက်နိုင်တာဖြစ်လို့ FILE EXTENSION EXE, PIF, BAT, SCR, SHS, VBS, HTA, COM, JS, REG, VBE, CMD တို့နဲ့ဆုံးတဲ့ FILE တွေကို သတိပြုရပါမယ်။ ဖြစ်နိုင်ရင် ဒီFILES တွေကို မဖွင့် (RUN) ဖို့ အကြံပြုပါတယ်။