OSI SEVEN LAYERS
NETWORKING ကိုလေ့လာတဲ့ သူမှန်သမျှ OSI အကြောင်းကို လုံးဝ ကျွမ်းကျင်အောင် သိနေရမယ်။ NETWORK တစ်ခု အလုပ်လုပ်တာကိုအသေးစိတ်သိလိုတာပဲဖြစ်ဖြစ်၊ NETWORK ပြဿနာတွေ ဖြေရှင်းတဲ့ အခါမှာပဲဖြစ်ဖြစ် OSI က အဓိက သိရမယ့်အရာပါပဲ။ NETWORK PROTOCOL တွေရဲ့ အလုပ်လုပ်ပုံကို ဖော်ပြတဲ့နေရာမှာ လဲသုံးပါတယ်။ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း (1) Physical Layer (2) Data Link Layer (3) Network Layer (4) Transport Layer (5) Session Layer (6) Presentation Layer နဲ့ (7) Application Layer တို့ပဲဖြစ်ကြပါတယ်။
APPLICATION LAYER က (USER) သင်နဲ့ တိုက်ရိုက်ထိတွေ့နေကျ LAYER တစ်ခုပဲဖြစ်ပါတယ်။ APPLICATION SOFTWARE တွေနဲ့ပါတ်သက်ပြီး NETWORK RESOURCES တွေကို အသုံးပြုတာဖြစ်လို့ APPLICATION LAYER လို့ခေါ်တာဖြစ်ပါတယ်။ ဥပမာ အင်တာနက်ပေါ်က သင်လိုတဲ့ DATA တွေကိုရှာဖို့ INTERNET EXPLORER နဲ့ FIRE FOX လို WEB BROWSER တစ်ခုခုကို ဖွင့်ရပါမယ်။ WEB BROWSER ဟာ WEB SERVER တွေပေါ်က DATA တွေကို HYPER TEXT TRANSFER PROTOCOL (HTTP) ကိုအသုံးပြုပြီး ရယူပါတယ်။ HTTP ဟာ PROGRAM တစ်ခုမဟုတ်ပါဘူး။ WEB BROWSER နဲ့ WEB SERVER ကြား ဆက်သွယ်ပေးတဲ့ PROTOCOL တစ်ခုသာဖြစ်ပါတယ်။ သင်က WINDOWS စနစ်ကိုသုံးနေတဲ့သူဖြစ်ခဲ့ရင် API ( APPLICATION PROGRAM INTERFACE ) နဲ့ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ ဥပမာ MICROSOFT WORD DOCCUMENT တစ်ခုကို SAVE AS သုံးပြီး MY NETWORK PLACE မှာ သိမ်းတာမျိုးပါ။ USER အနေနဲ့ NETWORK အကြောင်းသိစရာမလိုပဲ NETWORK RESOURCE ကိုသုံးဖို့ PROGRAMMER တွေအနေနဲ့ API ကိုသုံးပြီး APPLICATION PROGRAM တွေရေးလို့ရပါတယ်။ APPLICATION LAYER က
(1) FILE SERVICES ( ဖိုင်တွေကို ရွေ့ပြောင်း၊ ထိန်းချုပ်၊ သိုလှောင် တဲ့နေရာမှာ သုံးပါတယ်)
(2) PRINT SERVICES ( DATA တွေကို ကိုယ့်ကွန်ပြူတာက PRINTER နဲ့ အခြား ကွန်ပြူတာက NETWORK PRINTER တွေဆီ လှမ်းထုတ်တဲ့ နေရာမှာသုံးပါတယ်)
(3) MESSAGE SERVICES (စာ၊ ပုံ၊ အသံ နဲ့ ရုပ်ရှင်တွေကို NETWORK ပေါ်မှာ သွားလာစေပါတယ်)
(4) APPLICATION SERVICES (အသုံးချ PROGRAM တွေကို ကိုယ့်စက်မှာဖြစ်စေ၊ NETWORK ပေါ်မှာဖြစ်စေ တွက်ချက်လို့ရစေပါတယ်)
(5) DATABASE SERVICES (NETWORK SERVICES တွေကို ကိုယ့်ကွန်ပြူတာက လှမ်းသုံးတဲ့နေရာမှာ သုံးပါတယ်) တွေကို ပေးပါတယ်။
FTP (File Transfer Protocol), E-mail clients, Web Browsers, Telnet, SNMP (Simple Network Management Protocol), BBS (bulletin board system) services နဲ့ EDI (Electronic Data Interchange) and other transaction services တွေက APPLICATION LAYER ရဲ့ SERVICES တွေနဲ့ PROTOCOLS တွေပါပဲ။

PRESENTATION LAYER ရဲ့အ ဓိက အလုပ်ကတော့ DATA လက်ခံမယ့် ကွန်ပြူတာမှာရှိတဲ့ APPLICATION SOFTWARE တွေနားလည်နိုင်မယ့် ပုံစံ အတိုင်း DATA ပို့မယ့် ကွန်ပြူတာမှာ စီစဉ်ပေးတာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က အမျိုးမတူတဲ့ APPLICATION SOFTWARE တွေကြား အဆင်ပြေစွာ ဆက်သွယ်သွားစေနိုင်တယ်။ ဥပမာ - WORD နဲ့ WORD PERFECT တို့ဟာ DATA တစ်ခုထဲကို တစ်ပုံစံထဲ ဖော်ပြနိုင်ပေမယ့် ဖော်ပြတဲ့ နည်း (METHOD) ကွဲပြားပါတယ်။
ကွန်ပြူတာမှာ စာတွေကို ASCII CODE သို့မဟုတ် UNI CODE တွေနဲ့ပဲ သိမ်းတာတော့ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ ဥပမာ NETWORK ပေါ်မှာ လူနှစ်ယောက် စာသားနဲ့ ဆက်သွယ်ကြတယ်၊ ပြီးတော့ တစ်ယောက်က WINDOWS 98 တင်ထားတဲ့ ကွန်ပြူတာကို သုံးပြီး တစ်ယောက်က WINDOWS XP တင်ထားတဲ့ ကွန်ပြူတာကိုသုံးတယ်ဆိုပါစို့။ WINDOWS 9x မှာ A ဆိုတဲ့ စာလုံးကို 01000001 (8 BIT ASCII CODE ) အနေနဲ့ နားလည်ပေမယ့်၊ WINDOWS NT,2000 နဲ့ XP တို့မှာ A ကို 0000000001000001 (16 BIT UNICODE) အနေနဲ့ ပဲနားလည်ပါတယ်။ NETWORK သုံးနေတဲ့သူက ASCII တွေ UNI CODE တွေနားမလည်ဘူး၊ သူ့အတွက်လိုအပ်တာက A ပေါ်ဖို့သာဖြစ်တယ်။ PRESENTATION LAYER ဟာ ဒီလို မတူညီတဲ့ အခြေအနေ နှစ်ခုကြားမှာ အဆင်ပြေချောမွေ့စွာ ဆက်သွယ်ရစေပါတယ်။
SESSION LAYER သင်ဟာ ONLINE ပေါ်ရောက်ရောက်ခြင်း NETWORK ပေါ်က ကောင်မလေးတစ်ယောက်နဲ့ စကားပြောတယ်ဆိုပါစို့။ သင့် နဲ့ ကောင်မလေးကြားက မမြင်ရတဲ့ ဆက်သွယ်မှု ကို သင့်ကွန်ပြူတာက CONNECTION(1) / SESSION (1) အနေနဲ့ သတ်မှတ်လိုက်ပါပြီ။ ကောင်မလေး က သင့်အရင် အခြား ကောင်လေးနဲ့ စကားပြောနေခဲ့ရင် သင်ဟာသူရဲ့ CONNECTION (2) / SESSION (2) အဖြစ် သူ့ ကွန်ပြူတာရဲ့ သတ်မှတ်ခြင်းကို ခံရမှာပါ။ သင့်ဆီ ရိုက်ပို့လိုက်တဲ့ စာတွေက အခြားသူဆီ မရောက်နိုင်သလို၊ အခြားသူဆီ ရိုက်ပို့လိုက်တဲ့ စာတွေက လဲ သင့်ဆီရောက်မလာပါဘူး။ မှန်ကန်တဲ့ နေရာကို မှန်ကန်တဲ့ DATA တွေရောက်အောင် SESSION LAYER က လမ်းကြောင်းရှာ နေရာချ စီမံကွပ်ကဲပေးထားတာပါ။ သူ့အလုပ်က ဒါပါ။
TRANSPORT LAYER အခြား ကွန်ပြူတာ ကိုပို့မယ့် DATA ဟာ၊ APPLICATION LAYER, PRESENTATION LAYER နဲ့ SESSION LAYER တို့ကို ဖြတ်လို့ TRANSPORT LAYER ကိုရောက်ရှိလာတဲ့ အခါ၊ အပိုင်းပိုင်းစိတ်ပိုင်းပြီး သီးခြား အထုပ်ငယ်လေးများ (DATA PACKETS) အဖြစ် စိတ်ပိုင်းခြင်းခံရပါတယ်။ ပို့လိုက်တဲ့ DATA ဟာ လက်ခံမယ့် ကွန်ပြူတာ ရဲ့ PHYSICAL LAYER, DATA LINK LAYER နဲ့ NETWORK LAYER တို့ကို ဖြတ်ပြီး TRANSPORT LAYER ကိုရောက်တဲ့အခါ PACKET တွေကို ပြန်လည်စုပေါင်းပေးပြီး APPLICATON LAYER ရောက်တဲ့အထိ လက်ဆင့်ကမ်း ပေးသွားခြင်းကို ခံရမှာ ဖြစ်ပါတယ်။ PACKET တွေစုံမစုံ၊ DATA တွေမှန်မှန် ကန်ကန် ရောက်မရောက် နဲ့ အမှားစစ်ဆေးခြင်း ( ERROR CHECKING ) တွေကလည်း ဒီ LAYER မှာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
THE NETWORK LAYER ........... အခြား COMPUTER SYSTEM ကိုသွားမယ့် DATA PACKET တိုင်း NETWORK LAYER ကိုရောက်တဲ့အခါ သီးခြား လိပ်စာတစ်ခုစီ တပ်ပေးခြင်းခံရတယ်။ ဒါမှလဲ ROUTER ဆိုတဲ့ DEVICE တွေက DATA PACKET အားလုံးကို လိုတဲ့နေရာ ကိုရောက်အောင် သယ်ဆောင်သွားနိုင်မှာပါ။ ဥပမာ စာတစ်စောင် သင့်သူငယ်ချင်းဆီ ပို့တဲ့အခါ စာအိတ်မှာ သူ့လိပ်စာကို သေသေချာချာ တပ်ပေးရတယ်၊ ပြီးတော့ ဘယ်သူ့ဆီက ဆိုတာလဲ သင်ရေးထားရတယ်။ ဒါမှလဲ စာပို့သူက သူ့ဆီရောက်အောင်ပို့နိုင်မှာပါ။ ဒီသဘောအတိုင်းပဲ NETWORK LAYER ကလဲ PACKET တိုင်းရဲ့ ထိပ်မှာ လက်ခံမယ့် SYSTEM ရဲ့ IP ADDRESS ၊ MAC ADDRESS စတာ တွေကို တပ်ပေး လိမ့်မယ်၊ ပြီးတော့ ပို့သူရဲ့ IP ADDRESS ၊ MAC ADDRESS တွေပါ ထည့်ပေးပါတယ်။ ကဲ..သင်က ပို့သူ ...သင့်သူငယ်ချင်းက လက်ခံသူ..သင်က သင့်သူငယ်ချင်းဆီကို "ရောက်ပြီလား" လို့လှမ်းမေးလိုက်မယ်။ ဒါဆို "ရောက်ပြီလား" ဆိုတဲ့ MESSAGE ကို TRANSPORT LAYER ကPACKET တွေအဖြစ်အရင် ခွဲမှာပါ။
( ရောက် )၊ ( ပြီ ) နဲ့ ( လား ) ဆိုပြီး PACKET သုံးခု အဖြစ်ခွဲလိုက်တယ် ဆိုပါစို့။ ( ရောက် ) က PACKET NO1...( ပြီ ) က PACKET NO2 နဲ့ ( လား) က PACKET NO3 အဖြစ် ကွဲသွားပါမယ်။ NETWORK LAYER အနေနဲ့ သွားမယ့်လမ်းကြောင်းက အရမ်းသေးနေမယ် ဆိုရင် အသေးဆုံးအရွယ် အထိခွဲပစ်မှာပါ (သဝေထိုး) (ရ) (ရေးချ)(ကကြီး)(အသတ်)...စတဲ့ အသေးဆုံးပုံစံနဲ့ ထုပ်ပိုးမှာပါ။ အခုတော့ သုံးပိုင်းအနေနဲ့ပဲ ဥပမာယူပါမယ်။ NETWORK LAYER က ဒီ DATA PACKET တွေသွားမယ့် လမ်းကြောင်း(ROUTE) ကို လဲ သတ်မှတ်ပေးရပါတယ်။ NETWORK LAYER က အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ROUTER (2)(4) နဲ့ (5) တို့ကိုဖြတ်သွားတဲ့ လမ်းကြောင်းကို SESSION (1) အဖြစ် သတ်မှတ်ပေးပြီး "ရောက်ပြီလား" ဆိုတဲ့ MESSAGE ကိုပို့မှာပါ။ တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် PACKET လက်ခံသူရဲ့ စက်မှာ ( ပြီ ) ဆိုတဲ့ PACKET NO2 မရောက်ခဲ့ရင် မရောက်ကြောင်း TRANSPORT LAYER ကို REPLY ပြန်လာပြီး ပို့သူကွန်ပြူတာက ပြန်ပို့ပေးရမှာပါ။ ပြန်ပို့ပေးဖို့ REQUEST ပြန်လာတာလို့လဲ ဆိုနိုင်ပါတယ်။ ပုံကိုကြည့်ပါ . .