Physical Thieft
တစ်ခါက ကျွန်တော့်ရောင်းရင်းကြီးတစ်ယောက်၊ သူအသစ်ဆင်ထားတဲ့ Network ထဲကို ရအောင်ဝင် hack ပြီးအချက်အလက်တွေကို ယူနိုင်၊မယူနိုင် စိန်ခေါ်ဖူးတယ်..။ သူက တကယ်ဈေးကြီးပေ့၊ စွမ်းဆောင်ရည်မြင့်ပေ့ ဆိုတဲ့ firewall router ၀ယ်တပ်ထားသကိုး။ ဒါကြောင့်လဲ သူအသစ်တပ်ထားတဲ့ test server ထဲကို ကျွန်တော်မ၀င်နိုင်ဘူးလို့ ယုံကြည်တာပေါ့။ အင်တာနက်ကတဆင့် hack လုပ်ပြီးဝင်ရောက်ဖို့ အကြိမ်အနည်းငယ် ကြိုးစားကြည့်ပြီးတဲ့အခါမှာတော့ သည်လိုနည်းနဲ့ မဖြစ်နိုင်မှန်း ကျွန်တော်မြင်သွားခဲ့ပြီ။ ဒါနဲ့.. ကျွန်တော် ဟိုးအရင်ကသုံးဖူးတဲ့ စက်ပြင်ဆရာဝတ်စုံကြီးကို ဗီရိုဟောင်းထဲက ထုတ်စွပ်...တံဆိပ်တွေပါတဲ့ ကဒ်ပြားဟောင်းကို လည်မှာဆွဲပြီး သူ့ရုံးခန်းဆီ ကျွန်တော့် ဆိုင်ကယ်နဲ့ ထလစ်လာခဲ့တယ်။ အဲရောက်တော့.. ဧည့်ကြိုမလေးကို အချိုသာဆုံးပြုံးပြပြီး ရောင်းရင်းကြီးရဲ့ ရုံးခန်းနား လမ်းလျောက်သွားလိုက်တယ်။ "လားလား" အဲသည်မှာ.. ကျွန်တော့် ရောင်းရင်းကြီးတစ်ယောက် packet sniffing program တစ်ချို့သုံးပြီး သူ့ server ထဲဝင်လာသမျှ ip traffic တွေကို ငြိမ်ကုတ်ပြီး စောင့်ကြည့်နေတာ တွေ့တော့တာပဲ။ ဒါနဲ့ ကျွန်တော်လဲ သူ့ရဲ့တန်ဖိုးကြီးပေ့ဆိုတဲ့ server နောက်ကကြိုးတွေ အကုန်ဆွဲဖြုတ်၊ ပုံးလိုက်ကောက်မပြီး တံခါးအပြင် သုတ်သုတ်လေး ထွက်လာခဲ့တယ်။ အဲသည့်အချိန်မှာ ၆၅ပေါင်လောက်လေးတဲ့ server ပုံးကြီးသယ်ပြီး ဘေးက အမြန်ဖြတ်သွားတာကိုတောင် မသိနိုင်လောက်အောင် ဧည့်ကြိုမလေးဟာ သူ့e-mail ဘာကြောင့်ရပ်သွားသလဲ အဖြေရှာရင်း အလုပ်များနေခဲ့ပြီလေ။ ခန်းမကြီးထဲရောက်တော့၊ သူ့ cell phone ကို ကျွန်တော်ခေါ်လိုက်တယ်..။
ကျွန်တော် (ရွှင်မြူးပြုံးရွှင်လျက်) " ဟေ့လူ..ခင်ဗျားအချက်အလက်တွေ ကျွန်တော်အကုန်ရပြီဗျ "
ရောင်းရင်းကြီး (မရွှင်မပြ မပြုံးမရွှင်) " မင်း..ငါ့server ကို Restart ကျအောင်လုပ်လိုက်တယ်! မင်း ဘယ်လိုလုပ်လိုက်တာလဲ ကွ..ဟေ! "
ကျွန်တော် (ပြုံးလျက်) " ကျွန်တော် reboot လုပ်လိုက်တာ မဟုတ်ပါဘူးဗျာ..သွားလည်းကြည့်ပါဦး"
ရောင်းရင်းကြီး (တကယ်ရူးပြီ) " မင်း!!! .........သူခိုး!!!....ငါ့ server ကြီးခိုးတယ်...အီး!!..."
ကျွန်တော် (အားရပါးရ) " ဘာလို့လဲဗျ....ဟုတ်တယ်လေ...ကျွန်တော်လုပ်လိုက်တာ...။ ခင်ဗျာ့ password ကိုရဖို့ အိမ်မှာပဲ အေးအေးဆေးဆေး hack တော့မယ်..။ အချိန် ၂ရက်ပဲပေးဗျာ...ခင်ဗျား ခိုးစေချင်တာတွေ အားလုံးရရမယ်..။ Bye ဗျာ !
ချက်ခြင်းပဲ..သူ့ရုံးခန်းဘက် ပြန်လျောက်သွားပြီး သူ့လက်ထဲ server ပြန်ထည့်ပေးလိုက်ပါတယ်။ ( တကယ်ခိုးရင် အပီတွယ်ခံရမှာကိုး ဗျ )၊ ဒါကပျော်စရာပဲ..။ ပုံပြင်လေးက သည်မှာ ပြီးသွားပေမယ့် ပြောစရာကျန်သေးတယ်ဗျ..။ အကောင်းဆုံး ကာကွယ်ရေး software ပဲဖြစ်ဖြစ်..အကောင်းဆုံး firewall ပဲ ဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..တကယ့်သူခိုးနဲ့တွေ့ရင် မစားသာဘူး ဆိုတာပဲပေါ့................................။