Project VGA to LCD (may 09, 2011)
Compaq Contura 420cx မှာ ပါတဲ့ LCD panel ကို VGA port မှာ resolution 640x480 နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်တယ်။ Hitachi TX26D61VC1CAA LCD panel နဲ့ inverter အတွက် data sheet နဲ့ pin out ကို ဘယ်မှာမှရှာမတွေ့ဘူး။ ဒါကြောင့် ကိုယ်တိုင်ပဲ လက်တွေ့စမ်းသပ် အဖြေထုတ်ရတယ်။ Dutch website တစ်ခုမှာတွေ့တဲ့ VESA connector နည်းနဲ့ စမ်းကြည့်တယ်...မရဘူး။ pixel တွေက လုံးဝကို မညီညာ ဘူးဖြစ်နေတယ်။ သုံးထားတဲ့ graphic card ကြောင့်လားတော့ သေသေချာချာမသိဘူး။
သည်ထက်ပို အဆင်ပြေတဲ့ နည်းတော့ ရှိဦးမယ်လို့ ကျွန်တော်ထင်တယ်။ Analog VGA port ကနေ Video signal ရအောင် အောက်ကပုံ အတိုင်း ကြိုးစားကြည့်တယ်။ အလယ်တည့်တည့်မှာ 3-bit colour နဲ့ ပေါ်သွားတယ်။ ဒါပေမယ့် horizontal pixels တွေက ရောတင် ညိရှုပ်နေတုန်းပဲ။ တစ်ခုခုကြောင့် color channels တွေထဲမှာ delay ၀င်နေတယ်လို့ ထင်လိုက်တယ်။ ဘာကို သွားတွေ့သလဲဆိုတော့ graphic card ရဲ့ clock signal ကို LCD panel က overload ဖြစ်အောင်လုပ်ထားတယ်ဆိုတာ ကို တွေ့လိုက်ရတယ်။ ဒါကြောင့် clock signal ကို အခြား NOT gate တစ်စုံကနေ အရင် ပေးဖြတ်ကြည့်လိုက်တယ်။ စာသားပုံရိပ်တွေက ပိုကျစ်ပြီး စုစုစည်းစည်းရှိလာတယ်။ ဒါပေမယ့် horizontal ပိုင်းမှာ အောက်ကပုံအတိုင်း ပြဿနာရှိနေတုန်းပဲ။ NOT gate တစ်စုံနဲ့ high pixel frequency ( ~ 25MHz )ကို မထိမ်းကြောင်းနိုင်တာ သေချာသွားပြီလို့ ထင်လိုက်တယ်။ နောက်ဆုံးတော့ channel တစ်ခုစီအတွက် OR gate တစ်ခုစီ သုံးပေးလိုက်ပြီး ground ဖြစ်အောင် B ကို input အနေနဲ့ ထည့်ပေးလိုက်တယ်။ NOT gate နှစ်ခုသုံးတာနဲ့ OR gate တစ်ခုတည်း သုံးတာက logical funcation ခြင်း အတူတူပဲ။ ဒါပေမယ့် signal တွေက gate တစ်ခုကိုပဲ ဖြတ်သွားရတော့ ပိုမြန်သွားတာပေါ့။
Graphic card ကတော့ pixel clock signal တွေထုတ်နေတုန်းပဲ။ 25.175MHz crystal ကလဲ ဘယ်မှာမှ ရှာလို့မရဘူး ဖြစ်နေတယ်။ သီးခြား cable မသုံးပဲ clock signal တွေကို လျှပ်စစ်ပတ်လမ်း ထဲရောက်အောင် Graphic card ပေါ်မှာရှိတဲ့ VESA Feature connector ရဲ့ pin number 18 (the PIXEL CLOCK pin) ကို VGA connector ရဲ့ မသုံးတဲ့ pin 9 နဲ့ ချိတ်ပေးလိုက်တယ်။ Wow! အိုကေသွားပြီလို့တော့ထင်တယ်။ သုံးရောင်လုံးစမ်းကြည့်တော့လဲ အိုကေတယ်။ pixels အားလုံးကလဲ ကွက်တိပဲ။ ဒါပေမယ့် R4 လို့ ပုံမှာ ပြထားတဲ့ နေရာလေးက R လေးအောက်မှာ ပြတ်ရွေ့လေးတစ်ခု သွားဖြစ်နေတယ်။ လက်ကို panel နဲ့ circuit အနားကပ်လိုက်တိုင်း အဲသည့်နေရာလေးမှာ disort ဖြစ်ဖြစ်သွားတယ်။ Radio Frequency တစ်ခုခု ၀င်နှောင့်နေတာမျိုး ။ ပုံရိပ်တစ်ခုလုံးကလည်း အလယ်တည့်တည့်မရောက်သေးဘူး..ပြီးတော့ တစ်ဖက်ခြမ်းမှာ နဲနဲ ပြတ်နေသေးတယ်။ Resolution 640x480 မရှိသေးလို့လဲ ဖြစ်မယ်လို့ ကျွန်တော် ထင်တယ်။ ဆက်ကြိုးစား ကြည့်ဦးမယ် . . .