Project Long Range Connection
WiFi ကွန်ယက်တစ်ခုကို ဘယ်လောက်အကွာအဝေး ထိချိတ်ဆက်လို့ရနိုင်မလဲ?
Wireless Fidelity သုံး Long Range Connection တစ်ခု ချိတ်ဆက်ဖို့ Router (သို့) Access Point ကောင်းကောင်း တစ်ခု။ Category Rating မြင့်မြင့် Cable ကြိုး၊ သင့်တော်တဲ့ Antenna အမျိုးအစား တစ်ခုခု စတဲ့ Device တွေလိုတယ်။ WiFi Device တွေဝယ်တိုင်း ၀ယ်တိုင်း သူ့ရဲ့ Specification ကိုကြည့်ပြီး ခဏခဏ မှင်သက်ရလိမ့်မယ်။ တချို့က 30 Kilometer ထိ ကောင်းကောင်း အလုပ်လုပ်တယ်လို့ ညွှန်းထားမယ်..၊ တချို့က 50 Kilometer ထိ ကောင်းကောင်း အလုပ်လုပ်တယ်လို့ ညွှန်းထားတယ်။ ၅၀ ကီလိုမီတာဆိုတော့ မိုင် ၃၀ လောက်ထိ မိတယ်လို့ ဆိုလိုတာပဲ။ ဖြစ်နိုင်ပါ့မလား ?
ကမာ မြေကြီးဟာ လုံးဝန်းနေတဲ့ အတွက်ကြောင့် မိုင် ၃၀ကျော်တာနဲ့ ခုံးခံ နေတဲ့ မြေပြင်ဟာ ခုခံနေမှာ ဖြစ်ပါတယ်။ သည်တော့ ကျွန်တော်တို့WiFi Network တွေက သူကြေညာ ထားသလောက် မမိနိုင်တာ သေချာနေပြီ။ ရာသီဥတု မကောင်းရင် ပိုဆိုးရွား သွားပြီပေါ့။ WiFi က Frequency Standard တစ်ခုခု နဲ့ အလုပ်လုပ်နေတာဆိုတော့ Noise လည်း ၀င်မှာပဲ။
ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်မှ သိမှာပဲ။ Long Range Connection တစ်ခု ချိတ်ဆက်ဖို့ အတွက် သုံးမယ့် Device တွေဟာ High Power Device တွေတော့ ဖြစ်ဖို့လိုတယ်။ ပြီးတော့ လွှင့်မယ့် ဘက်ခြမ်းက Antenna၊ Antenna မှာ အမျိုးကွဲတွေ အများကြီးပဲ...CPE, Omini Directional Antenna, Parabolic Grid Antenna စပြီး အမျိုးမျိုး ရှိတယ်။ ဝေးနိုင်သမျှ အဝေးကို လွှင့်မှာမို့ Bi-Directional တွေ၊ Omini တွေအစား၊ Directional Grid Parabolic Antenna ကိုပဲ သုံးမယ်။ ကျွန်တော် လွှင့်တဲ့ Device Setup Diagram ကို အောက်မှာ ဆွဲပြထားတယ်။ လျှို့ဝှက်ချက်က Antenna ရဲ့ Distance Setting မှာ ကိုယ်အမှန်တကယ် ဖမ်းမယ့် အကွာအဝေးရဲ့ 110% ကို ထည့်ပေးရတယ်။ အကွာ အဝေးအတိအကျ တိုင်းချင်တဲ့ ခင်ဗျား အနေနဲ့ Google Earth ရဲ့ Ruler Tool ကို သည်အချိန်မှာ အရမ်းကြိုက်သွားမှာ သေချာတယ်။ Degree တိုင်းဖို့ကိုလည်း Google earth ကိုပဲ အသုံးချရဦးမှာပဲ။ ခု ကျွန်တော်က ၃ မိုင် ( ၅ ကီလိုမီတာ) လောက်ရှိတဲ့ အကွာအဝေးကို စမ်းသပ်မှာဖြစ်တယ်။ Free space & face to face ဖြစ်အောင် လွှင့်မယ့်တိုင်ကို တိုက်ခေါင်မိုးပေါ်ကနေ ချိန်လိုက်တယ်။ Policy တွေ Encryption တွေ Filter တွေ မပေးပဲ SSID ကို IT TRAINING OUTDOOR လို့ ပေးလွှင့်လိုက်တယ်။ ဖမ်းမယ့် ဘက်ကတော့ CPE သက်သက်နဲ့ပဲ ပြန်ဖမ်းမယ်။

Radio Wave နှင့် ဆက်သွယ်ခြင်း ( Communication )
Radio Wave များသည် လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှု ( Electro-magnetic Radiation ) တွေဖြစ်သည်။ လူသားများ မြင်နိုင်သည့် အလင်း၏ လှိုင်းအလျားထက် ရှည်လျားသောကြောင့် သာမန်မျက်စိဖြင့် မတွေ့ရနိုင်ပေ။ Radio wave လှိုင်းအလျား၏ အရှည် သည် တစ်လက်မ ၏ ၁၀ပုံ ၁ပုံမှ မိုင်ရာချီအကွာဝေးတစ်ခု အထိ ရှည်လျားနိုင်သည်။ အလင်း၏ wavelength သည် ၄၀၀ မှ ၇၀၀ nanometer ရှိ သောကြောင့် လှိုင်းအလျား အတိုဆုံး Radio Wave တစ်ခုထက် အဆ ၅၀၀၀ ခန့် တိုသည်။ Radio wave တွေက သူတို့ရဲ့ wave length ပေါ်မူတည်ပြီး transmitters ကနေ နည်းလမ်း သုံးမျိုး နဲ့ ဖြတ်သန်းသွားလာနိုင်ကြတယ်-
Ground Waves Ground Waves တွေဟာ လှိုင်းအလျား ရှည်လျားပြီး ကမာမြေ လုံးဝန်းမှု အတိုင်း ကွေးဝန်း သွားလာပါတယ်။ ချိန်သားကိုက် ထုတ်လွှင့်မှုတွေ အတွက် အသုံးပြုပါတယ်။ Sky Waves Sky Waves တွေက ပုံမှန် လှိုင်းအလျားရှိပြီး atmosphere ထဲက အလွှာတစ်ခု ဖြစ်တဲ့ ionosphere ကို ရိုက်ခတ်ပြီး မြေပြင်ကို တန်ပြန်ပါတယ်။ အလွှာ နဲ့ မြေပြင်ကြား ရိုက်ထောင့် ပြန်ထောင့် အချိုးများဖြင့် သွားလာနိုင်ပါတယ်။ Space Waves Space Waves တွေကတော့ လှိုင်းအလျား တိုတောင်း တာကြောင့် ionosphere အလွှာကို ဖြတ်ဖောက်ပြီး အာကာသထဲ သို့ သွားလာနိုင်ပါတယ်။ |
The Ionosphere and Radio Wave Propagation
|
AM (Amplitude Modulation ) & FM ( Frequency Modulation )
Remember that the amplitude of a wave is its displacement from the normal and frequency is how often the wave occurs.
AM and FM are two ways that signals are represented in radio waves and you will recognise these terms being used on your radio set. Here is a quick comparison of the two:

Wave Length & Diffraction
ရေဒီယို လှိုင်းများ သွားလာသည့် လမ်းကြောင်းများသည် အတားအဆီး ပိတ်ဆို့မှုများနှင့် တွေ့ဆိုင်ရ သည့်အခါ ပြတ်ရွေ့ ကျန်ခဲ့ ခြင်း ( diffraction ) ဖြစ်နိုင်သည်။ Diffraction ဖြစ်ပေါ်မှုများသည် Radio Wave တစ်ခု၏ လှိုင်းအလျှား ( Wave Length ) နှင့် အဓိက ဆက်ဆိုင်သည်။ လှိုင်းအလျား ရှည်လျား သည့် Radio wave များသည် အတားအဆီး obstacles များကို ကျော်လွှားနိုင်စွမ်းရှိပြီး လှိုင်းအလျားတိုသည့် Radio wave များမှု ထိုစွမ်းအားမရှိချေ။ အောက်ပါပုံအတိုင်း ဖြစ်သည်။