Android Phone နှင့် Tablet များကို Root လုပ်နည်း
Android Phone/Tablet များကို Root လုပ်ချင်သူများအတွက် Android 2.1 မှ Android 4.0.3 အထိ Root လုပ်နိုင်တဲ့ Kingroot PC ကိုတင်ပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်တဲ့ Tools တစ်ခုဖြစ်တဲ့ Kingroot PC ကိုအောက်က link ကနေရယူလိုက်ပါ။
သည်နေရာမှ Download ရယူပါ
ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာထဲက Folder တစ်ခုမှာထားပြီး Zip ဖြည်ထားပါ။ ပြီးရင်ဖုန်းရဲ့ USB Debugging ကို Enabled လုပ်ပြီး ကွန်ပျူတာနဲ့ချိတ်ထားပါ။ HTC ဖုန်းတွေ Root လုပ်မယ်ဆိုရင်တော့ မိမိရဲ့ HTC ဖုန်းက S - Off ဖြစ်ထားဖို့လိုပါလိမ့်မယ်။ Root လုပ်ဖို့အတွက် ခုနကရလာတဲ့ဖိုင်လေးကို Zip ဖြည်ထားတဲ့အထဲက Kingroot.exe ကို Run လိုက်ပါ။

Root လုပ်ဖို့အတွက် Root ခလုတ်လေးကိုနှိပ်ပါ။ ဒါဆိုရင် ဖုန်းကို Rooting Process စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
အခုဆိုရင်တော့ Android ဖုန်းကို Root လုပ်ပြီးသွားပြီဖြစ်ပါတယ်။