PASSWORD
HACKER တွေကတော့ ကွန်ယက်တွေကိုခိုးဝင်ဖို့ကြိုးစားနေမှာပဲ။ ဒီနေရာမှာ PASSWORD တွေက အများကြီး အသုံးကျပါတယ်။ ဒါပေမယ့် ကိုယ့် PASSWORD တွေကို တခြား သူတွေမသိအောင် ကာကွယ်ထားရမှာက သင့်တာဝန်သာဖြစ်တယ်။ PASSWORD တွေကို များသောအားဖြင့် ဇနီး၊ ချစ်သူ(သို့) လင်ယောင်္ကျားနဲ့ ပါတ်သက်တဲ့ မွေးရက်၊ နာမည်၊ ဖုန်းနံပါတ်တွေ၊ ကိုယ့် အိမ်မွေးတရိစ္ဆာန်အမည်၊ ကိုယ့်မွေးရက်၊ မှတ်ပုံတင်အမှတ်တွေ ကိုပေးကြလေ့ရှိပါတယ်။ PASSWORD တွေဖန်တီးတဲ့အခါမှာ ဘယ်တော့မှ ဒီလို လွယ်ကူတဲ့ အရာတွေမပေးသင့်ပါဘူး။ DICTIONARY ထဲမှာရှာတွေ့နိုင်တဲ့ အရာတွေကိုလဲ လုံးဝ မပေးသင့်ပါဘူး။ နို့မဟုတ်ရင် DICTIONARY ATTACK မိပြီး HACKER လက်ထဲ အကုန် ပါသွားနိုင်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းချည်း သက်သက်မသုံးပဲ ဂဏန်း၊ စာသား နဲ့ သင်္ကေတတွေကိုရောပြီး အနည်းဆုံး ( ၈ ) လုံးပေးသင့်ပါတယ်။ ( ဥပမာ -P@ssw0rDhack542ABZ ) ပြီးတော့ တစ်ပါတ်တစ်ခါဖြစ်စေ၊ တစ်လတစ်ခါ ဖြစ်စေ ပြောင်းလဲသုံးစွဲသင့်ပါတယ်။
ဒီလို သုံးစွဲတာက HACKER တွေကို လုံးဝနီးပါး တားဆီးနိုင်ပေမယ့် SIDE EFFECT လေးတွေလည်းရှိပါမယ်။ ပထမ အနေနဲ့ တစ်ပါတ်တစ်ခါပြောင်းရတဲ့ အလုပ်ကို သင်ရပါမယ်၊ ပြီးတော့ သင်ကိုယ်တိုင်မှတ်မိမလွယ်လို့ ချရေးတာမျိုးရှိခဲ့ရင် တခြား သူတစ်ယောက် အလွယ်တကူ ရသွားပြီး ကွန်ယက်ကျိုးပေါက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ပစ္စည်းတချို့သုံးပြီး PASSWORD တွေကိုကာကွယ်ဖို့ နည်းလမ်းတွေရှိတယ်။ ပထမနည်းတစ်ခုက SMART DRIVE လို့ခေါ်တဲ့ CREDIT CARD သုံးနည်း ဖြစ်ပါတယ်။ PASSWORD ထည့်မယ့်နေရာမှာ PASSWORD ကိုမရိုက်ထည့်ပဲ PASSWORD ဖိုင်ပါဝင်တဲ့ MEMORY STICK ကို USB PORT မှာထိုးထည့်ပြီး AUTO ဖွင့်စေတာမျိုးပါ။ နောက်တစ်နည်းက BIOMETRICS နည်းဖြစ်ပါတယ်။ လက်ဗွေ၊ မျက်စိ၊ အသံ စတာတွေကို SCAN ဖတ်ပြီး ကာကွယ်တာဖြစ်ပါတယ်။ တအားကြီးကောင်းပေမယ့် တအားကြီးလဲ ငွေကုန်ကြေးကျများပါတယ်။
FIREWALLS - ကွန်ယက်တွေကို ကာကွယ်တဲ့နေရာမှာ FIREWALLS တွေက သိပ်ပြီး အသုံးဝင်ပါတယ်။ ( HIDING IP ) ကိုယ့် IP ADDRESS ကို HACKER များမမြင်ရနိုင်အောင် ဖျောက်ထားခြင်း၊ ( PORT FILTERING ) ၀င်ရောက်နိုင်သော PORT များကို ပိတ်ထားခြင်း၊( PACKET FILTERING ) လိုအပ်သည့် IP ADDRESS များကို ပိတ်ထားခြင်း စတဲ့နည်းလမ်းတွေကို သုံးနိုင်ပါတယ်။
FIREWALLS - ကွန်ယက်တွေကို ကာကွယ်တဲ့နေရာမှာ FIREWALLS တွေက သိပ်ပြီး အသုံးဝင်ပါတယ်။ ( HIDING IP ) ကိုယ့် IP ADDRESS ကို HACKER များမမြင်ရနိုင်အောင် ဖျောက်ထားခြင်း၊ ( PORT FILTERING ) ၀င်ရောက်နိုင်သော PORT များကို ပိတ်ထားခြင်း၊( PACKET FILTERING ) လိုအပ်သည့် IP ADDRESS များကို ပိတ်ထားခြင်း စတဲ့နည်းလမ်းတွေကို သုံးနိုင်ပါတယ်။