Network Media ( ကြားခံဆက်သွယ်စရာများ အကြောင်း)
NETWOK ချိတ်ဆက်တဲ့နေရာမှာသုံးတဲ့ MEDIA တွေအကြောင်းလေ့လာစရာအများကြီးပဲ။ အခြေခံအားဖြင့် COPPER ကြေးနန်းကြိုးတွေ၊ အလင်း FIBER OPTIC ကြိုးတွေနဲ့ မမြင်ရတဲ့ WIRELESS နည်းပညာတွေရှိပါတယ်။ COPPER ကြေးနန်းကြိုးတွေပေါ်ကနေ DATA တွေ ပို့တဲ့အခါ၊ လက်ခံတဲ့အခါ လျှပ်စစ်အချက်ပြမှု့ ( ELECTRONIC SIGNALS ) တွေအနေနဲ့ ပဲပို့ပါတယ်။ သင် ETHERNET ကိုသုံးနေသေးရင်တော့ STP (SHIELDED TWISTED-PAIR) နဲ့ UTP (UNSHIELDED TWISTED PAIR) ဆိုတဲ့ COPPER အခြေခံ ကြေးနန်းကြိုး နှစ်မျိုးကိုလေ့လာရမှာပါ။ STP မှာ ရောင်ခြယ် နှစ်ပင်လိမ်ကြိုး လေးစုံပါဝင်ပါတယ်။ တစ်စုံစီကို သတ္တုစပ် အလွှာပြားတစ်ခုစီနဲ့ ရစ်ပါတ်ထားပါတယ်။ ပြီးတော့မှ အားလုံးကို သတ္တုအလွှာ နောက်တစ်ခုနဲ့ ပြန်စုစည်းထားတာကိုတွေ့ရမှာပါ။ အလင်းပြင်းအား၊ အသံပြင်းအား၊ သံလိုက်စက်ကွင်း၊ လျှပ်စစ်စက်ကွင်း စတာတွေက ကြေးနန်းကြိုးပေါ်က အချက်အလက်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ SIGNAL ပြတ်တောက်ခြင်း၊ လိုင်းအားကျခြင်းစတာတွေဖြစ်စေပါတယ်။ ဒါကြောင့်လဲ ဒီလို NOISE တွေရဲ့အနှောင့်အယှက်က ကင်းဝေးနိုင်ဖို့ STPမှာ သတ္တုအလွှာတွေထည့်ထားရတာဖြစ်ပါတယ်။ UTP မှာတော့ ဘာ သတ္တုအလွှာမှ မကာထားပါဘူး။ ပုံမှန်အားဖြင့် STP CABLE တွေက UTP CABLE တွေထက် ချိတ်ဆက်တဲ့နေရာမှာ အချိန်ပိုကြာတယ်။ ဒီသတ္တုအလွှာတွေကို သေသေချာချာ အတ် (GROUND) ချပေးရလို့ပါ၊ ဒါမှပဲ အနှောင့်အယှက် NOISE တွေကို ပျက်ပျယ်စေနိုင်စွမ်း ရှိမှာပါ။ သေသေချာချာ EARTH ချထားတာမဟုတ်ရင် သတ္တု အလွှာတွေက အနီးနားမှာရှိတဲ့ လှိုင်းတွေကို ပိုမို စုပ်ယူတဲ့အတွက် သင့် NETWORK ကို နဂိုကထက် အနှောင့်အယှက် (NOISE) တွေပိုမို ဖြစ်စေပါတယ်။ အင်တာနာ နဲ့ မိုးကြိုးလွှဲ တို့ သဘောတရား အတိုင်းပါပဲ။ နောက်ပြီး STP က UTP လောက် ဝေးဝေးမပြေးနိုင်ပါဘူး။ အကွာအဝေးတို ချိတ်ဆက်မှု့မျိုးမှာသာ သုံးနိုင်ပါတယ်။ နောက်တစ်ခုက ဘာကြောင့် UTP ရော STP မှာပါ ကြိုးတွေကို နှစ်ပင်စီခွဲလိမ်ထားတာလဲ ဆိုတာပါ။ ကြေးနန်းကြိုးတွေမှာ လျှပ်စစ်စီးတဲ့အခါတိုင်း ကြိုးပါတ်ဝန်းကျင်တစ်လျှောက် မှာ လျှပ်စစ်သံလိုက် စက်ကွင်း ( ELECTRO-MAGNETIC FIELD ) တွေဖြစ်ပေါ်နေတာကို ELECTRONIC အခြေခံအဆင့်မှာ သင်ရပါတယ်။ ကြိုးတစ်ကြိုးက ဖြစ်လာတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းက အခြားကြိုးကို အနှောင့်အယှက် CROSS TALK NOISE ဖြစ်စေပါတယ်။ နှစ်ပင်လိမ်ထားခြင်းအားဖြင့် ဒီစက်ကွင်းနှစ်ခုကို အချင်းချင်းပျက်ပျယ်စေလို့ ဒီလို လိမ်ထားရတာ ဖြစ်ပါတယ်။ NOISE တွေကို လျော့ချနိုင်စွမ်းကလွဲလို့ ကုန်ကျစရိတ်၊ အကွာအဝေး ကန့်သတ်ချက်၊ အသုံးပြုရလွယ်ကူမှု့ နဲ့ နေရာတော်တော်များများမှာ UTP က သာနေပါတယ်။ ဒါကြောင့်လဲ သင်အတွေ့ရ များတာဖြစ်မှာပါ။
Cableing
ကွန်ယက်စနစ် တော်တော်မျာများဟာ တစ်ခုနဲ့တစ်ခု ကြိုး တစ်မျိုးမျိုး သုံးပြီး ချိတ်ဆက်ကြပါတယ်။ ကွန်ယက် စနစ် ပုံစံတွေ မတူသလို cable ( ကြိုး) တွေဟာလည်း မတူပါဘူး။ သည်တော့ networking အကြောင်းမှာ ကွန်ယက်သုံး ကြိုးမျိုးစုံကို လည်း လေ့လာကြရပါမယ်။ အရင်ခတ်နဲ့ ယခု ခတ်သုံး network ကြိုး တွေ အကြောင်း လေ့လာကြရမှာဖြစ်ပါတယ်။ networking အကြောင်းအရာ ပြင်ပ television cable တွေ recording စက်တွေ၊ တယ်လီဖုန်း စနစ်တွေကိုလည်း အလျဉ်းသင့်သလို လေ့လာကြရမှာ ဖြစ်ပါတယ်။
တချို့ cable ကြိုးတွေဟာ network ပုံစံ တော်တော်များများမှာ အသုံးပြုလို့ရပေမယ့် တချို့ network ကြိုးတွေကိုတော့ သူနဲ့သက်ဆိုင်တဲ့ network ပုံစံ တစ်ခုမှာပဲ အသုံးပြုလို့ရတယ်။ ယခု ကာလမှာတော့ network cable ကြိုး တွေကို အဓိက အုပ်စု သုံးစု အဖြစ်တွေ့နိုင်ပါတယ် : (၁) Coaxial cable များ (၂ ) Twisted Pair cable များ နှင့် (၃) Fiber Optic cable တို့ ဖြစ်ကြပါတယ်။
Coax
Coaxial cable တွေမှာ ( Insulating ) လျှပ်ကာ ၀တ္တု တစ်ခုခုနဲ့ ၀န်းရံ ဖုံးအုပ်ထားတဲ့ ဗဟို ၀ိုင်ယာကြိုး တစ်ခု ပါဝင်ပါတယ်။ အဲသည့် Insulation အခွံ ဟာလည်း သတ္တု ကြိုးခွေတစ်ခုခု နဲ့ ပြန်လည်ရစ်ပတ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည့် cable ကို Coaxial cable လို့ ခေါ်ပါတယ်။ အတိုကောက် Coax လို့လဲ ခေါ်ကြပါတယ်။ ဘာကြောင့် လဲဆိုတော့ ဗဟို ( center wire ) နဲ့ သတ္တုကြိုးခွေ ( braided metal shield ) တို့ဟာ တူညီတဲ့ ၀င်ရိုး ( axis )၊ တူညီတဲ့ ဗဟို ( centerline ) မှာ ရှိနေလို့ဖြစ်ပါတယ်။