Straight through, Cross Over & Roll Over Cables
UTP နဲ့ STP CABLES တွေမှာ STRAIGHT ကြိုးနဲ့ CROSS ကြိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ ကွန်ပျူတာ အချင်းချင်းတိုက်ရိုက် ချိတ်ဆက်ရာမှာ CROSS ကြိုးကို အသုံးပြုပြီး၊ ကွန်ပျူတာကနေ ROUTER/ HUB/ SWITCH တစ်ခုခုကိုချိတ်ဆက်ရာမှာ STRAIGHT ကြိုးကို အသုံးပြုပါတယ်။
STRAIGHT ကြိုးဟာ ပုံမှာ ပြထားတဲ့အတိုင်း TYPE (A) to TYPE (A) ဒါမှမဟုတ် TYPE (B) to TYPE (B) ရိုက်ထားတဲ့ကြိုး ဖြစ်ပါတယ်။ CROSS ကြိုးကတော့ TYPE (A) to TYPE (B) ရိုက်ထားတဲ့ကြိုး ဖြစ်ပါတယ်။ ကြိုးခေါင်းတွေကတော့ RJ 45 ခေါင်းတွေပဲ ဖြစ်ပါတယ် ( RJ ရဲ့ အရှည်က REGISTERED JACK ဖြစ်ပါတယ် )။ ကြိုး တစ်ကြိုးမှာ ကြိုး သေးရှစ်ခုရှိပေမယ့် အရေးကြီးတာက (၄)ကြိုးသာဖြစ်ပါတယ်။ DATA တွေကို ပို့ဖို့ TRANSFER ကြိုး (၂)ကြိုးနဲ့ DATA တွေကို လက်ခံဖို့ RECEIVE ကြိုး (၂)ကြိုး တို့ပဲဖြစ်ပါတယ်။
ROLL-OVER ကြိုးတွေကိုတော့ NETWORK ချိတ်ဆက်တဲ့နေရာမှာ မသုံးပါဘူး။ သူ့ကို SWITCH/ ROUTER/ WAP တွေကို SERIAL PORT ကနေတဆင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ချိန်ညှိမှု့ CONFIGURE လုပ်ဖို့အတွက်သာ သုံးပါတယ်။ ROLL-OVER ကြိုးတွေရဲ့ အစွန်းနှစ်ဘက်ဟာ ပြောင်းပြန်တွေဖြစ်ပါတယ်။ ဆိုလိုတာက ကြိုးတစ်ဖက်စွန်းက Pin 1 က နောက်တစ်ဘက်ရဲ့ Pin 8 ဖြစ်နေပြီး၊ Pin 2 က Pin 7 .Pin 3 က Pin 6 စသည်ဖြင့် ပြောင်းပြန်တွေဖြစ်ပါတယ်။