ကွန်ပျူတာတွေ စဉ်းစားနိုင်သလား ?
၂ ၀၀၁ ခုနှစ်တုန်းက SPACE ODYSSEY ဆိုတဲ့ အာကာသစိတ်ကူးယဉ်ဇာတ်လမ်း တစ်ခုရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းက အာကာသယဉ်မှူးတွေဖြစ်တဲ့ Dave Bowman နဲ့ Frank Poole တို့ရဲ့ ဂျူပီတာဂြိုလ်ကို သွားတဲ့ ခရီးစဉ်တစ်ခု အကြောင်းပါ။ ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က အာကာသထဲက ဆန်းကြယ်တဲ့အရာတစ်ခုရဲ့ မူလအရင်းအမြစ်ကို ရှာဖွေဖို့ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ တစ်ဝက်လောက်အရောက်မှာ ယဉ်မှာတစ်ပါတည်းပါလာခဲ့တဲ့ HAL အမည်ရ ကွန်ပျူတာက ထူးဆန်းတဲ့ အပြုအမူတွေ လုပ်လာပါတယ်။ HAL က အင်တာနာ တစ်ခုပျက်စီးတော့ပါမယ် ဆိုပြီး ယာဉ်မှူးတွေကို အချက်ပေးလာပါတယ်။ ဒီတော့ Frank ဟာ စွန့်စားပြီး အာကာသယာဉ်အပြင်ကို ထွက်ပြီး အင်တာနာပြင်ဖို့ လုပ်ရပါတော့တယ်။ ဒီမှာတင်ပဲ မသင်္ကာစရာကောင်းတဲ့ မတော်တဆမှု့ (accident) တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Frank ရဲ့ Life Line (ယာဉ်နဲ့ဆက်သွယ်ထားတဲ့ကြိုး)ဟာ ပြတ်တောက်သွားပြီး အာကာသနက်ထဲ စမြောပါသွားပါတယ်။ Frank လွင့်နေတာကို ယာဉ်ထဲပြန်ဆွဲယူဖို့ Dave လည်း ယဉ်အပြင်ထွက်ရပါတော့တယ်။
အာကာသယာဉ်ထဲ ပြန်ဝင်ဖို့အဆင်သင့်ဖြစ်တဲ့ အချိန်မှာတော့ Dave က ကွန်ပျူတာကို " HAL...၀င်ပေါက်ကို ဖွင့်လိုရပြီ..ဖွင့်လိုက်ပါတော့" လို့ အမိန့်ပေးလိုက်ပါတယ်။ ဒီမှာပဲ..ကွန်ပျူတာ HALက အေးစက်စက် ကြောက်စရာကောင်းတဲ့အသံနဲ့ " တောင်းပန်ပါတယ် Dave...ငါ.ဒါကိုမလုပ်ပေးနိုင်ပါဘူး " လို့ ပြန်ပြောလိုက်ပါတော့တယ်..။
ဒီဇာတ်လမ်းရဲ့ အခုလို လူနဲ့ကွန်ပျူတာ ဆက်သွယ်မှု့အကြောင်းလေးဟာ လူတွေကိုတော်တော်လေးဆွဲဆောင်နိုင်ခဲ့ပြီး လူတွေအတွက် မေးစရာ မေးခွန်းဆန်းတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ဘယ်လောက်သဘာဝကျလိုက်သလဲဗျာ ? လူနဲ့ ကွန်ပျူတာတွေ ဒီလို ပိုင်ပိုင်နိုင်နိုင်ဆက်သွယ်နိုင်ပြီလား ? ဒီလို ဆက်သွယ်ပြောဆိုတဲ့ နေရာမှာရော ဘာအမှားအယွင်းတွေ ဖြစ်လာနိုင်သလဲ ? ကွန်ပျူတာ HAL က ဘာကြောင့် Dave ကို အာကာသယဉ်ထဲ ပြန်ဝင်ခွင့် မပေးရတာလဲ? စတာတွေ မေးလာပါတယ်။
ကွန်ပျူတာ တစ်လုံးကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ဖို့ရာ သင့်အနေနဲ့ ကွန်ပျူတာကို လုပ်ဆောင်ဖို့တာဝန်တွေ အများကြီးချိတ်ပေးနိုင်ရပါမယ်။ ( ကောင်းကောင်းခိုင်းတတ်ဖို့လိုပါတယ် )။ ကွန်ပျူတာက ပြန်ပေးတဲ့ အချက်အလက်တွေကိုလဲ တိတိကျကျ အဓိပါယ်ကောက်နိုင်ဖို့လိုပါတယ်။ သိပ္ပံဇာတ်လမ်းတွေက ကွန်ပျူတာတွေကို ဥာဏ်ရည်ရှိတဲ့အရာတွေအဖြစ် အမြဲလိုလို ရိုက်ကူးတတ်ကြပါတယ် (TRANSFORMER တို့ TERMINATOR တို့ I ROBOT တို့ သင် ကြည့်ဖူးမယ် ထင်ပါတယ် )။ စိတ်ကူးယဉ်ဇာတ်လမ်းတွေဆိုတာက တကယ်ဖြစ်လာတတ်ကြတာမျိုးမဟုတ်လား..။ HAL လို ဥာဏ်ရည်ရှိတဲ့ ကွန်ပျူတာမျိုး ဒီနေ့နည်းပညာနဲ့ မထုတ်နိုင်ဘူးလို့ရော သင်ထင်လို့လား..?
ဇာတ်လမ်းထဲက ကွန်ပျူတာ HAL ကိုကြည့်ရတာ သူ့ဘာသာသူ စဉ်းစားဆုံးဖြတ်လိုက်ပုံပါပဲ။ လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်ကတည်းက " ဒီရာစု အကုန်လောက်မှာ စကားလုံးတွေအသုံးပြုခြင်း နဲ့ ပညာရှင်တွေရဲ့ သာမန်အမြင်တွေက ကွန်ပျူတာတွေကို လူတစ်ယောက်လို ပြန်မမေးပဲနားလည်နိုင်အောင်ထိ အများကြီးပြောင်းလဲပစ်မှာပါ။ ကြိုက်သလို ပြောနိုင်မှာပါ " လို့ ဗြိတိန်အလေးစားခံ သင်္ချာပညာရှင် Alan Turing က ရေးသားခဲ့ဖူးပါတယ်။ " ကွန်ပျူတာတွေ တွေးခေါ်စဉ်းစားနိုင်သလား ? ".......................။ ဒီမေးခွန်းဟာ ဆယ်စုနှစ် တစ်ဝက်လောက်အထိ ကွန်ပျူတာသိပ္ပံပညာရှင် တွေနဲ့ ဖီလော်ဆော်ဖာ တွေရဲ့ကြားက ငြင်းခုံမှု့တွေကို နှိုးဆွပေးသလို ဖြစ်ခဲ့ပါတယ်။
ကောင်းပါပြီ....ကွန်ပျူတာတွေ စဉ်းစားတွေးခေါ်နိုင်သလား? ဆိုတဲ့ မေးခွန်းကို ခဏ အသာထားဦး။ လူတစ်ယောက် စဉ်းစားတွေးခေါ်နိုင်တယ်ဆိုတာကို သင်ဘယ်လိုပြောပြနိုင်သလဲ ? လူတစ်ယောက်စဉ်းစားနေတာကိုသိနိုင်ဖို့ သူ့စိတ်ထဲဝင်ကြည့်ဖို့ မဖြစ်နိုင်ဘူးလေ။ ယုတ္တိတန်တဲ့ စကားတွေသုံးပြီး " ကျွန်တော်ဟာ လူဖြစ်တယ်..ဒါကြောင့်..ကျွန်တော်ဟာ စဉ်းစားတွေးခေါ်နိုင်တယ် " လို့ သုံးနိုင်တာပဲရှိတယ်။ သင်တွေးနိုင်တယ်ဆိုတော့ တခြားလူတွေလဲ တွေးနိုင်တယ်ပေါ့။ ဒါက ယုတ္တိဗေဒ အရ ကြည့်ရင် မှန်ပါသေးတယ်။ သို့ပေမယ့် ဒါက လူမဟုတ်တဲ့အရာတွေကိုတော့ ဘယ်အကျုံးဝင်စေနိုင်ပါ့မလဲ။ စက်ရုပ်တွေဟာ လူသားတွေလို အနုပညာမြောက်တဲ့ ပန်းချီကားတွေမဖန်တီးနိုင်ဘူးဆိုရင် သင်ကရော ပန်းချီကောင်းကောင်းဆွဲတတ်လို့လား ပြန်မေးရပါလိမ့်မယ်။ ဥပမာ-
ဆက်ရန်